မင်္ဂလာပါ... ဆရာဖူးကျော်ဇင်ရဲ့ You Tube Channel လေးကနေ ကြိုဆိုလိုက်ပါတယ်...။

တိုးတက်အောင်မြင်မှုကို လိုလားကြသူတိုင်းနဲ့ ဘဝမှာအကောင်းဆုံးပြောင်းလဲမှုတွေကို ဖန်တီးကြလိုသူတိုင်းအတွက် အောင်မြင်ရေး၊ စိတ်ဓာတ်ခွန်အားနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Video ကောင်းများကို နေ့စဉ်တင်ဆက်ပေးနေတဲ့ Channel ဖြစ်ပါတယ်...။

Subscribe လုပ်ထားပြီး အောင်မြင်တိုးတက်မှု ပန်းတိုင်ကို အတူတူလျှောက်လှမ်းကြရအောင်ပါ...။

I am Phoo Kyaw Zin, Best Selling Author, Corporate Trainer, Motivational Speaker, Life & Success Coach and Entrepreneur in Myanmar. Founder of FUTURE WAVE Success and Motivation Training (Since 2012)

This is my Facebook Page : Phoo Kyaw Zin

Thank you all,
Phoo Kyaw Zin - Future Wave


Phoo Kyaw Zin

“အချစ်မှာ မျက်စိမရှိဘူး” လို့ ပြောလေ့ရှိကြတယ်။

ပဋိစ္စသမုပ္ပာဒ်တရားသဘောအရ -

မျက်စိမရှိတာ (မမြင်တာ) = "အဝိဇ္ဇာ"
အချစ် (စွဲလမ်းခြင်း) = "တဏှာ"

အဲ့ဒီ အချစ် (အဝိဇ္ဇာ နဲ့ တဏှာ) ဟာ
သံသရာစက်ဝိုင်းထဲမှာ ရုန်းမထွက်နိုင်အောင်
ချည်နှောင်ထားတဲ့ အဓိက အကြောင်းအရင်းခံတွေပါပဲ။

တကယ်တော့ - နိဗ္ဗာန်နဲ့ ဝေးနေတယ်ဆိုတာ
သူ့ကို ချစ်တဲ့ အချစ်တွေကြောင့်ပါ။

🤭

😅

😁🥰

14.2.2026
Phoo Kyaw Zin - Future Wave

#တွေးမိတက်ရေး #valentinesday
#PhooKyawZin #PhooKyawZinQuotes

1 week ago | [YT] | 627

Phoo Kyaw Zin

မနက်ပိုင်းမှာ “ကုသိုလ်ရှာ”
ကောင်းမှုပြုလုပ်ပါ။

နေ့ပိုင်းမှာ “ဥစ္စာရှာ”
အလုပ်ကြိုးစားပါ။

ညပိုင်းမှာ “ပညာရှာ”
သင်ယူလေ့လာပါ။

အကျိုးရှိစွာ ဖြတ်သန်းပါ
သင့်ရဲ့တစ်နေ့တာ။

✔️
Phoo Kyaw Zin - Future Wave

#တွေးမိတက်ရေး
#PhooKyawZin

3 weeks ago | [YT] | 1,226

Phoo Kyaw Zin

တဖက်လူက ဒေါသနဲ့လောင်နေလေလေ …
ကိုယ်က တိတ်ဆိတ်စွာနဲ့ ခပ်အေးအေးငြိမ်သက်ပြလေလေပဲ…။

ကိုယ့်ရှေ့မှာ ဒေါသတွေထွက်ပြီး လောင်နေတာကို...
ဘာမှ မတုံ့ပြန်ဘဲ အေးအေးဆေးဆေး ထိုင်ကြည့်နေဖူးတယ်။

ကြိုက်သလောက် လောင်နေစမ်း … ‼️
သူလောင်နေတာကို ထိုင်ကြည့်နေလိုက်တယ်…။

ဘယ်တော့မှ ဖက်ပြိုင်ပြီး လိုက်မလောင်တတ်ဘူး။

လောင်ချင်သူ အစွမ်းကုန်လောင်နေပစေ…
လောင်လို့ဝ ရင် အရှိန်ကျသွားလိမ့်မယ်…
လောင်လို့မဝသေးရင်လည်း ဆက်လောင်ပေါ့…
သူ့အပူမီးနဲ့ သူပဲလေ …။

**(တစ်ခုရှိတာက တဖက်သူလောင်နေရတာ
ကိုယ်ရှို့တဲ့မီးတော့မဖြစ်စေနဲ့ပေါ့။) **

ပူလောင်ခြင်း၏သဘော =
ပူသောသူ လောင်၍ လောင်သောသူ ပူ၏။

🔥 လောင်သောသူဟာ ပူလောင်ရလိမ့်မယ်။
🔥 လောင်သောသူဟာ ပင်ပန်းရလိမ့်မယ်။
🔥 လောင်နေသူဟာ တပန်းရှုံးတယ်။

✔️ မလောင်တတ်သူဟာ တပန်းသာတယ်။
✔️ မလောင်တတ်သူဟာ အေးချမ်းတယ်။
✔️ မလောင်တတ်သူဟာ အနိုင်ရတယ်။

▪️ တည်ငြိမ်ခြင်းမှာ စွမ်းအားရှိတယ် ‼️
▪️ တိတ်ဆိတ်ခြင်းဟာ ပညာပဲ ✨
▪️ ငြိမ်သက်ခြင်းဟာ သမာဓိပဲ ✨

ပြဿနာတစ်ခုဆိုတာ တည်တည်ငြိမ်ငြိမ်နဲ့
ခေါင်းအေးအေးထားပြီး ဖြေရှင်းမှ အဖြေထွက်တယ်…။

ဖြစ်နေတဲ့ ပြဿနာကို လောင်နေခြင်းဖြင့် အဖြေရှာလို့ မရနိုင်ဘူး။

▫️ ဒေါသထွက်နေရင် 😡
▫️ အဖြေမထွက်ဘူး ❌
▫️ အဖြေထွက်ချင်ရင် အဖြေပဲရှာ …
▫️ ပြဿနာမရှာနဲ့ …။ 🚫

ဒါပေမယ့် တချို့သူတွေက ပြဿနာပဲရှာချင်ကြတာ။
အဖြေတွေ ဘယ်လောက်ရှာပေးပေး… အဖြေကို မလိုချင်ဘူး။

ပြဿနာပဲဖြစ်ချင်တဲ့ သူတွေက သက်သက်ကို ရှိတာ။
လောင်နေရတာကိုမှ ကြိုက်တဲ့
ကို လောင်ကြိုက်တွေ၊ မ လောင်ကြိုက်တွေ တပုံကြီးပဲ…။

အဲ့လို လောင်ကြိုက်တွေနဲ့ကြုံလာတဲ့အခါ
ဘာမှပြန်ပြောမနေနဲ့… လွှတ်ထားလိုက်…။

တိတ်ဆိတ်ခြင်းဟာ ပညာပဲ ✨
တိတ်ဆိတ်စွာနဲ့ အေးဆေးထိုင်ကြည့်နေလိုက်ပါ ‼️

လောင်ကြိုက်တွေ ကြိုက်သလောက်လောင်ကြစမ်း…🔥
လောင်နေသူတွေကို အေးဆေးထိုင်ကြည့်နေလိုက်ပါ‼️

သူ့မီးနဲ့သူ လောင်နေလိမ့်မယ်…။

**(လောင်နေသူတွေကို အပူငြိမ်းအောင်
လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့)**

ဒါပေမယ့် ဘယ်တော့မှ
သူတို့နဲ့တော့ ပြိုင်မလောင်နဲ့ ။

ကိုယ်ပါ အတူ ပြာကျသွားလိမ့်မယ်။

အေးအေးဆေးဆေးနဲ့ ဝေးဝေးကနေသာရှောင် …။

© Phoo Kyaw Zin - Future Wave

#တွေးမိတက်ရေး #ဖူးကျော်ဇင်
#PhooKyawZin #PhooKyawZinQuotes

3 weeks ago | [YT] | 628

Phoo Kyaw Zin

ဆေးရုံကုတင်ပေါ်ရောက်တဲ့အခါ
ကျန်းမာခြင်းရဲ့ အဖိုးတန်မှုကို
ပိုသိ နားလည်လာလိမ့်မယ်။

အဲ့ဒီအခါကျ …
ကိုယ်အရေးကြီးတယ်လို့ ထင်ခဲ့တဲ့အရာတွေက
ကျန်းမာခြင်းလောက် အရေးမကြီးတော့ဘူး။

အဲ့ဒီအချိန်မှာ
ဘာဖြစ်ချင်သလဲ ဘာလိုချင်သလဲမေးရင်
ကျန်တာတွေ ဘာမှမလိုဘူး …
ပြန်ကျန်းမာလာဖို့ပဲ လိုချင်တော့လိမ့်မယ်။

ဒါကြောင့်
ခုနေ ကျန်းမာနေတာကိုက
ဘဝရဲ့ဆုလာဘ်ကြီး တစ်ခုပါပဲ။

သင် ဒီနေ့ ကျန်းမာနေသေးတယ်ဆိုရင်
ပျော်ရွှင် ကျေးဇူးတင်လိုက်ပါ။

မနက်ဖြန်တွေမှာလည်း
ကျန်းမာအောင် ဂရုစိုက်နေထိုင်ပါ။

ကျန်းမာရင် ချမ်းသာပါတယ်။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။

▪️
Phoo Kyaw Zin - Future Wave

#တွေးမိတက်ရေး #ကျန်းမာရေး
#PhooKyawZin

3 weeks ago | [YT] | 759

Phoo Kyaw Zin

ဆရာကြီး မလုပ်ပါနဲ့၊ ခေါင်းဆောင်ပဲ လုပ်ပါ ‼️

လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုမှာဖြစ်ဖြစ်
ခေါင်းဆောင် (Leader) လို့ သူတို့ကို သူတို့ထင်နေကြတဲ့
"ဆရာကြီး" (Boss) တွေနဲ့ ခဏခဏ ဆုံဖူးကြမှာပါ။

သူတို့ကတော့ ခေါင်းဆောင် (Leader) လို့ ထင်ကြတာပဲ။

ဒါပေမဲ့ လက်တွေ့မှာတော့
ခေါင်းဆောင်မှုပေးနေတာ မဟုတ်ပါဘူး။
ဆရာကြီးအထာနဲ့ လူတွေအပေါ် ဆရာကြီးလုပ်နေရုံပါပဲ။

တကယ်တော့ -
"ဆရာကြီး" နဲ့ "ခေါင်းဆောင်" က အများကြီး ကွာခြားပါတယ်။

ဘာကွာလဲဆိုရင်တော့ -

◾️ လမ်းပိတ်သူ နဲ့ လမ်းဖွင့်ပေးသူ

"ဆရာကြီး" က လမ်းပိတ်ထားတတ်တဲ့သူပါ။ ဘယ်သူ့ကိုမှ တိုးတက်မလာစေချင်ဘူး၊ ရှေ့ရောက်မလားစေချင်ဘူး။ တက်လမ်းတွေအားလုံးကို ပိတ်ထားတတ်တဲ့သူပါ။

"ခေါင်းဆောင်" ကတော့ လမ်းဖွင့်ပေးထားတယ်။ အားလုံးကို တက်လာစေချင်တယ်၊ မြင့်မားလာစေချင်တယ်။ ရှေ့ကိုရောက်လာစေချင်ပါတယ်။

◾️ အာဏာ နဲ့ ဩဇာ

"ဆရာကြီး" က သူ့ဆီမှာရှိတဲ့ ရာထူးနဲ့ အာဏာ ကို သုံးပြီး ခိုင်းစေတတ်ပါတယ်။ "ငါပြောတာ လုပ်" ဆိုတဲ့ ပုံစံမျိုးပါ။

ဒါပေမဲ့ "ခေါင်းဆောင်" ကတော့ သူ့ရဲ့ လုပ်ရပ်၊ စိတ်ဓာတ်နဲ့ အရည်အချင်းကနေ ထွက်ပေါ်လာတဲ့ ဩဇာ ကို သုံးပါတယ်။

လူတွေက မလုပ်ချင်လို့ လုပ်ရတာမျိုးမဟုတ်ဘဲ ခေါင်းဆောင်ကို ကြည်ညိုလို့၊ ယုံကြည်လို့ လိုက်လုပ်ကြတာပါ။

◾️ အပြစ်ဖို့ခြင်း နဲ့ တာဝန်ယူခြင်း

"ဆရာကြီး" က ပြဿနာတက်ရင် "ဒါ မင်းတို့အမှား" လို့ လက်ညှိုးထိုးတတ်ပြီး အောင်မြင်ရင် "ဒါ ငါ့ကြောင့်" လို့ ဂုဏ်ယူတတ်ပါတယ်။

"ခေါင်းဆောင်" ကတော့ "ဒါ ငါတို့အဖွဲ့ရဲ့ အောင်မြင်မှု" လို့ ပြောသလို၊ အမှားအယွင်းရှိရင်လည်း "ဒါ ငါတို့အားလုံး ပြင်ရမယ့်ကိစ္စ" ဆိုပြီး ရှေ့ကနေ တာဝန်ယူပေးပါတယ်။

◾️ ကြောက်စိတ် နဲ့ လေးစားစိတ်

"ဆရာကြီး" လက်အောက်မှာ အလုပ်လုပ်ရတာဟာ "အမှားလုပ်မိမှာ ကြောက်နေရတာ" နဲ့တင် အချိန်ကုန်ပါတယ်။ တီထွင်ဖန်တီးမှုတွေ ပျောက်ဆုံးကုန်ရော။

"ခေါင်းဆောင်" နဲ့ အလုပ်လုပ်ရရင်တော့ အမှားလုပ်မိရင်တောင် သင်ခန်းစာရမယ်ဆိုတဲ့ ယုံကြည်မှုကြောင့် လေးစားစိတ်နဲ့ အကောင်းဆုံး ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာစေပါတယ်။

ကျွန်တော်တို့ဟာ နေရာတစ်ခုမှာ လူတွေကို လမ်းညွှန်နေရသူ (Parent, Teacher, Manager) တစ်ယောက် ဖြစ်နေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဖို့ လိုပါတယ်။

"ငါက သူတို့အပေါ် အာဏာပြတဲ့ ဆရာကြီးလား၊ ဒါမှမဟုတ် သူတို့ဘဝ တိုးတက်အောင် လမ်းပြပေးနေတဲ့ ခေါင်းဆောင်လား" ဆိုတာပါပဲ။

ခေါင်းဆောင်ကောင်းဆိုတာ လူတွေကို ခိုင်းဖို့ထက် လူတွေကို မြှင့်တင်ပေးဖို့ (Grow People) ပိုပြီး အာရုံစိုက်ကြသူတွေပါ။

ဒါကြောင့် "ဆရာကြီး" အထာတွေကို ဘေးဖယ်ထားပြီး "ခေါင်းဆောင်" ပီပီသသဖြစ်အောင် ကြိုးစားဖို့လိုပါတယ်။

ဒီ "ဆရာကြီး နဲ့ ခေါင်းဆောင်" ကွာခြားချက်အကြောင်းကို ကျွန်တော် YouTube မှာ Video လေး အစ-အဆုံး တင်ပေးထားပါတယ်။

စာနဲ့ဖတ်ရတာထက် ပိုပြီး မျက်စိထဲမြင်သွားအောင် ဥပမာလေးတွေနဲ့ ရှင်းပြထားတာမို့ သွားရောက်ကြည့်ရှုပြီး လေ့လာနိုင်ပါတယ်။

You Tube Channel: Phoo Kyaw Zin

#တွေးမိတက်ရေး #PhooKyawZin
#Leadership #LeadervsBoss

3 weeks ago | [YT] | 203

Phoo Kyaw Zin

ဒီနေ့ ကျွန်တော့်ရဲ့ Phoo Kyaw Zin - Author ဖေ့ဘုတ်အကောင့်သစ်လေးမှာ Content Monetization လုပ်ခွင့် စရပါပြီ။

ဒါဟာ ကျွန်တော့်အတွက်တော့ ဝင်ငွေတစ်ခုရတာထက် ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို စေတနာထားပြီး တစိုက်မတ်မတ် မျှဝေနေခြင်းရဲ့ တန်ပြန်ရလဒ်လို့ပဲ​ခံစားမိပါတယ်။

စေတနာဟာ ရောင်ပြန်ဟပ်ပါတယ်။

ဘယ်အလုပ်ပဲလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်အပေါ် စေတနာထားရင် တစ်နေ့မှာ အသိအမှတ်ပြုမှုလေးတွေ ရလာမှာ အသေအချာပါပဲ။

ရှေ့ဆက်ပြီး ပိုကောင်းတဲ့ စ ၃ လုံး Content တွေ၊
၁. စိတ်ဓာတ်ပိုင်းဆိုင်ရာ
၂. စီးပွားရေးနဲ့ငွေကြေးဆိုင်ရာ
၃. စီမံခန့်ခွဲမှု နဲ့ ခေါင်းဆောင်မှုဆိုင်ရာ
ဆိုတဲ့ ဗဟုသုတတွေကို ပိုကြိုးစားပြီး တင်ဆက်ပေးသွားပါဦးမယ်။

အမြဲတမ်း ဝန်းရံပေးကြတဲ့ ချစ်ခင်ရတဲ့ မိတ်တွေသူငယ်ချင်းအားလုံးကို ဒီသတင်းကောင်းလေး ဝေမျှရင်း ကျေးဇူးတင်စကား ဆိုပါရစေ။

Follow my Facebook Account 👇
www.facebook.com/share/1ENv9PGbUp/?mibextid=wwXIfr


24.1.2026
Phoo Kyaw Zin - Future Wave
Future Wave စာပေ
Future Wave Training


#PhooKyawZin #ContentMonetization

4 weeks ago | [YT] | 260

Phoo Kyaw Zin

"ကိုယ်ကြိုက်တာ ကိုယ်လုပ်တာပဲ၊ ဘယ်သူ့ဂရုစိုက်ရမှာလဲ" ဆိုတဲ့ စကားကို ကြားဖူးလား? ကိုယ်တိုင်ရော ပြောဖူးလား?

ကိုယ်ပိုင် လွတ်လပ်မှုကို အသားပေးတဲ့ စကားမို့ နားထောင်လို့တော့ ကောင်းပါတယ်။ မလုပ်နဲ့လို့ မတားချင်ပါဘူး။

ဒါပေမယ့်
"ကိုယ်ကြိုက်တာကိုယ်လုပ်" ပြီးရင် "ကိုယ်ဖြစ်ကိုယ်ခံ" ပေ့ါ။

ကျွန်တော်တို့ သတိထားရမှာက "ကိုယ်ကြိုက်တဲ့အရာ" တိုင်းဟာ "ကိုယ်နဲ့ ထိုက်တန်တဲ့အရာ" မဟုတ်ဘူး ဆိုတာပါပဲ။

"အကြိုက်ရဲ့ ထောင်ချောက်" ဆိုတာရှိတယ်။

ကျွန်တော်တို့ရဲ့ အကြိုက်တွေက ကျွန်တော်တို့ကို ပြန်ပြီး ဒုက္ခပေးတတ်ပါတယ်။

ညဥ့်နက်တဲ့အထိ ဖုန်းပွတ်ရတာ ကြိုက်တယ်။
ဒါပေမဲ့ နောက်ရက်မှာ လူက နုံးချိနေမယ်၊ အလုပ်မတွင်ဘူး။
အချိုတွေ၊ အဆီတွေ အလွန်အကျွံ စားရတာ ကြိုက်တယ်။
ဒါပေမဲ့ ရေရှည်မှာ ရောဂါရမယ်။
ပျင်းပျင်းရိရိ နေရတာ ကြိုက်တယ်။
ဒါပေမဲ့ နောက်ဆုံးမှာ ဆင်းရဲခြင်းက ကိုယ့်အတွက်ဖြစ်လာမယ်။

ဒါဟာ "ကိုယ်ကြိုက်တာ ကိုယ်လုပ်" ခဲ့တဲ့အတွက် ရလာတဲ့ "ကိုယ်ဖြစ်ကိုယ်ခံ" ရလဒ်တွေပါပဲ။
အကြိုက်နောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်နေရင် ကျွန်တော်တို့ဟာ ကိုယ့်ဘဝကို ကိုယ်တိုင် ပြန်ပြီး ဖျက်ဆီးနေသလို ဖြစ်သွားနိုင်ပါတယ်။

ခု စာဖတ်ရင်း စဉ်းစားကြည့်ပါ။
"ငါကြိုက်တဲ့အရာတွေက ငါ့ကို ဖျက်ဆီးနိုင်တဲ့ အကြိုက်တွေလား" ဆိုတာ...

ဒီလိုပဲ...
မကြိုက်ပေမယ့် လုပ်သင့်တာတွေရှိတယ်။

ဘဝမှာ အောင်မြင်တဲ့သူတွေနဲ့ ရှုံးနိမ့်တဲ့သူတွေရဲ့ ကွာခြားချက်က "လုပ်ချင်တာကို လုပ်တာလား၊ လုပ်သင့်တာကို လုပ်တာလား" ဆိုတဲ့အချက်မှာ ရှိပါတယ်။

လူအများစုအတွက် စာဖတ်တာက ဖုန်းကြည့်တာလောက် မပျော်စရာမကောင်းပါဘူး။ ပျင်းဖို့ကောင်းတယ်၊ အိပ်ငိုက်တယ်။ ဒါပေမဲ့ စာဖတ်တာက ကိုယ့်ရဲ့ တွေးခေါ်မှုကို မြှင့်တင်ပေးတယ်၊ Wisdom ကို ပေးတယ်။ မကြိုက်ပေမယ့် ဒါဟာ လုပ်သင့်တဲ့ အလုပ်ပါ။

လေ့ကျင့်ခန်းလုပ်တာ၊ စောစောထတာ၊ ငွေစုတာ ...

ဒါတွေအားလုံးဟာ "မကြိုက်တဲ့အရာတွေ" ဖြစ်နိုင်ပေမယ့် ရေရှည်မှာတော့ ကိုယ့်ကို ကောင်းကျိုးပေးမယ့် အရာတွေ ဖြစ်ပါတယ်။

"ကိုယ်ကြိုက်တာ ကိုယ်လုပ်" ဆိုတာကို "အပျော်အပါး" တစ်ခုတည်းအတွက် မသုံးစေချင်ပါဘူး။ တကယ်တော့ "ကိုယ်ဖြစ်ချင်တဲ့ ဘဝ" အတွက် "ကိုယ်လုပ်သင့်တဲ့ အရာ" ကိုပဲ ရွေးချယ်ပြီး လုပ်သင့်တာပါ။

မကောင်းတာမှန်း သိရက်နဲ့ ကြိုက်လို့ လုပ်မိနေရင်တော့ "ကိုယ်ဖြစ်ကိုယ်ခံ" ဆိုတဲ့ နိယာမအရ ဒုက္ခရောက်တဲ့အခါ ဘယ်သူ့ကိုမှ အပြစ်တင်လို့ ရမှာ မဟုတ်ပါဘူး။

"ခဏတာ အကြိုက်ကို ရှေ့တန်းတင်မလား၊ ရေရှည် ဘဝတိုးတက်မှုကို ရှေ့တန်းတင်မလား" ဆိုတာ အခုကတည်းက သတိထားပြီး ရွေးချယ်ကြဖို့ လိုပါတယ်။

ဒီအကြောင်းအရာလေးကို ကျွန်တော့်ရဲ့ You Tube channel မှာ video အဖြစ် သေချာလေး ရှင်းပြထားပါတယ်။

Link : https://youtu.be/Id3U3rfVbB8 မှာ သွားကြည့်ဖို့ တိုက်တွန်းလိုပါတယ်။
ကိုယ်ကြိုက်တာကိုယ်လုပ် (မလုပ်ခင် ဒီ video ကိုအရင်ကြည့်ပါ)

အားလုံးကို ကျေးဇူးတင်ပါတယ်။
တိုးတက် + အောင်မြင် + ပျော်ရွှင်ကြပါစေ...

1 month ago | [YT] | 413

Phoo Kyaw Zin

ဒီနေ့က ကျွန်တော့် မွေးနေ့ပါ။

အသက်တစ်နှစ်ကြီးပြန်ပြီပေါ့…
(အသက်ဘယ်လောက်ရှိပြီလို့ ထင်လဲ… ) 🤭

မွေးနေ့ဆုတောင်းပေးကြသူတွေအားလုံးနဲ့အတူ
မွေးနေ့လက်ဆောင်ပို့ပေးကြတဲ့ L&S အဖွဲ့ဝင် မန်ဘာများ၊
Future Wave Training သင်တန်းသား/သူများ၊
မိတ်ဆွေသူငယ်ချင်းများ အားလုံးကို
အထူးပင်ကျေးဇူးတင်ပါတယ်။

🙏❤️🥳🙏

ဒီမနက် မိသားစုနဲ့ ကုသိုလ်လေးတွေ လုပ်ဖြစ်တယ်…
ပြုခဲ့သမျှ ကုသိုလ်တွေ ထပ်တူရကြပါစေ…

🙏💕
22.1.2026
Phoo Kyaw Zin - Future Wave

#PhooKyawZin #happybirthday

1 month ago | [YT] | 1,189

Phoo Kyaw Zin

Personal Development ကိုယ်ရည်ကိုယ်သွေးတိုးမြှင့်ခြင်း သင်တန်း Zoom အစ-ဆုံး

1 month ago | [YT] | 18

Phoo Kyaw Zin

ကျွန်တော်တို့ရဲ့ L&S 2026 (One Year 100 Coaching Program) ခရီးစဉ်ကြီး စတင်ခဲ့တာ အခုဆိုရင် ပထမဆုံးအပတ် (၃ ရက်တာ) ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ပါပြီ။
ဒီတစ်ပတ်မှာတော့ "Vision & Goal Architect" လဖြစ်တဲ့အတိုင်း...

မိသားစုဝင်တွေ တစ်ယောက်ချင်းစီရဲ့ ဘဝရည်မှန်းချက်နဲ့ ပန်းတိုင်တွေကို အသေးစိတ် တည်ဆောက်ခဲ့ကြပါတယ်။

ပြီးတော့ လက်တွေ့ကျကျ လှုပ်ရှားနိုင်ဖို့အတွက် Homework တွေလည်း ပေးခဲ့သလို၊ အားလုံးကလည်း တက်တက်ကြွကြွနဲ့ ပြန်လည်မျှဝေနေကြတာ မြင်ရတာ တကယ်ကို အားရဖို့ကောင်းပါတယ်။

အကောင်းဆုံးအချက်ကတော့... ပြည်တွင်းက မိသားစုဝင်တွေသာမကဘဲ နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ ပြည်ပက မြန်မာမိသားစုဝင်တွေပါ Zoom မှာ တူတူဆုံတွေ့ပြီး တစ်ယောက်ကိုတစ်ယောက် ခွန်အားပေးနေကြတာပါပဲ။

နောက်ပြီး "၃ ရက်ပဲ ရှိသေးတယ်... ဒီ Program ထဲ ပါဝင်ဖို့ ရွေးချယ်ခဲ့တာ ဘဝအတွက် ဆုံးဖြတ်ချက် အမှန်ဆုံးပဲ" ဆိုတဲ့ Member တွေရဲ့ စကားသံတွေ၊ သူတို့ရဲ့ ရင်ခုန်တက်ကြွတဲ့ မျှဝေမှုတွေကို မြင်ရတာ ကျွန်တော့်အတွက်တော့ အမောပြေစရာပါပဲ။

အောင်မြင်မှုဆိုတာ တစ်နေ့တည်းနဲ့ ရတာမဟုတ်ဘဲ အခုလို ခြေလှမ်းမှန်မှန်နဲ့ စနစ်တကျ သွားကြရတာပါ။

ပထမဆုံးအပတ်မှာတင် ဒီလောက် အားရစရာကောင်းတဲ့ စွမ်းအင်တွေ ရနေကြပြီဆိုတော့ ကျန်ရှိနေတဲ့ ရက်ပေါင်း (၁၀၀) Coaching ခရီးစဉ်မှာ ဘယ်လောက်တောင် အပြောင်းအလဲကြီးတွေ ဖြစ်လာမလဲဆိုတာ ရင်ခုန်စရာပါပဲ။

တစ်နှစ်ပတ်လုံး ဇွဲမလျော့ ၊ လက်တွဲမဖြုတ်ဘဲ အဆုံးထိ အတူတူ သွားကြမယ်လို့ ဆုံးဖြတ်ထားပါ... L&S မိသားစုဝင်တို့... ❤️

Phoo Kyaw Zin
Future Wave Training

1 month ago | [YT] | 581