With Passion - Man City

မြန်မာ Cityzens များအတွက် စိတ်ဝင်စားစရာအကောင်းဆုံး၊ အပြည့်စုံဆုံး သတင်းများ နေ့စဉ်တင်ဆက်ပေးနေတဲ့ WP


With Passion - Man City

စီးတီး ၁-၁ ချယ်လ်ဆီီး (FT) | ပရီးမီးယားလိဂ်

❝ Final Third ထဲမှာ ကြောင်ပျောက်တဲ့ည ❞ လို့တောင် ခေါင်းစဉ် အကြီးကြီးတပ်လိုက်ချင်တယ်။ Final end product တစ်ခုမှ ဖြစ်မလာတဲ့ Pre Assist တွေ ပိုးစိုးပက်စက် ကို များခဲဲ့ပြီး တို့ကဏန်းဆိတ်ကဏန်း နဲ့ ဘာ တစ်ခုမှ ဖြစ်မလာတဲ့ အခြေအနေကို ကြည့်ရတာ တော်တော်ကို စိတ်ပျက်စရာပါ။

ရွံစရာ ကောင်းလွန်းတဲ့ ခြေစွမ်းက ဒီနေ့ မှာ အချိန်တန်ရင် ချေပဂိုးပေးရမယ်ဆိုတဲ့ ခံစားချက်ကို ပွဲအစောပိုင်းကတည်းက ရပြီးသားပါပဲ။

ဗာဒီရော ရော ဒီရက်စ် ပါ နှစ်ဦး စလုံး ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာကတော့ အထိအနာဆုံးပါ။ (ဒီရက်စ်ကတော့ အခြေအနေ ကောင်းတယ်ထင်ပါရဲ့)

ဒီနေ့ည ပွဲကို တစ်ခွန်းဆီ ရင်ဖွင့်သွားကြပါဦး . .

“𝑊𝑖𝑡ℎ 𝑃𝑎𝑠𝑠𝑖𝑜𝑛”
“𝐸𝑚𝑝𝑜𝑤𝑒𝑟𝑖𝑛𝑔 𝐶𝑖𝑡𝑦𝑧𝑒𝑛𝑠’ 𝑃𝑎𝑠𝑠𝑖𝑜𝑛”

#Wpformancity #mancity #mcfc #fblifestyle

1 month ago | [YT] | 28

With Passion - Man City

🔔 WATCH ALONG ALERT!

▫️ ဒီနေ့ည ဆန်းဒါးလန်းနဲ့ပွဲအတူကြည့်မယ်။ (Facebook မှာပါပဲ)
▫️ စီးတီး Vs ဆန်းဒါးလန်း
▫️ ပွဲချိန် - မြန်မာစံတော်ချိန် ည ၉း၃၀

ချယ်လ်ဆီး၊ ဝက်စ်ဟမ်းတို့ကို အနိုင်၊ အာဆင်နယ် လီဗာပူးလ်တို့လို Giant တွေကို သရေကန်ထားတဲ့ မထင်တာလုပ်ပြနိုင်တဲ့ တန်းတက် ဆန်းဒါးလန်း နဲ့ အတွေ့ ဘာတွေဖြစ်လာမလဲ???
ရယ်ဒီပဲလား ဆရာတို့ ..

“𝑊𝑖𝑡ℎ 𝑃𝑎𝑠𝑠𝑖𝑜𝑛”
“𝐸𝑚𝑝𝑜𝑤𝑒𝑟𝑖𝑛𝑔 𝐶𝑖𝑡𝑦𝑧𝑒𝑛𝑠’ 𝑃𝑎𝑠𝑠𝑖𝑜𝑛”


#Wpformancity #mancity #mcfc

2 months ago | [YT] | 66

With Passion - Man City

❝ စာမေးပွဲ မအောင်ကြသူများ ❞

စီးတီး ၀-၂ လီဗာကူဆင်

စီးတီးဟာ (၃) လ တာ အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် (၂) ပွဲဆက် Back to Back ရှုံးခဲ့တာဖြစ်တယ်။ ပပ်ရဲ့ Wholesale Changes ကို ဝိုင်းလက်ညှိုးထိုးကြတဲ့ Pundit နဲ့ စီတီဇင်တွေ တော်တော်များတယ်။ မှန်သင့်သလောက်
လည်းမှန်ပါတယ်။ ဂွန်ဇာလက် ကလွဲ (၁၀) ယောက်လုံးဆိုတော့များတာပေါ့။

ဒါပေမဲ့လည်း ပွဲဆက်တွေ လာပြီ။ ဒီကစားသမားတွေ ပုပ်နေလို့မရတော့ဘူး။ ပပ် က သူဘယ်သူ့ကို အားကိုးလို့ရမလဲဆိုတဲ့ Hero ရွေး စာမွေးပွဲက စစ်ရတော့မယ်။ ပရီးမီးယားလိဂ် မှာရေကြီးနေတဲ့အချိန် ချန်ပီယံလိဂ် မှာ မဆိုးလေတော့ ဒီပွဲကို စာမေးပွဲနေ့အဖြစ် သူရွေးလိုက်တာပဲ။ သူလည်း သူ့ဟာနဲ့သူမှန်တယ်။ (၁၀) ယောက်ချိန်းခဲ့ပေမယ့် ဒီကစားသမားတွေဟာ သူငယ်နှပ်စား တွေမှ မဟုတ်ပဲ။ ဒီထက်အားကိုးရခဲ့သင့်တာအသေအချာပဲလေ။

ဒါပေမဲ့ သူတို့ စာမေးပွဲကျခဲ့ကြတယ်။ ခွက်ထိုးခွက်လန်ပဲဆိုပါတော့။ ကောင်းကွက်ရှာပြီး မချီးကျူးချင်လောက်တဲ့အထိပါပဲ။ နောက်ပွဲတွေ စီးတီး ပြန်လာပါလိမ့်မယ်။

ဒါပေမဲ့ ဒီပလေယာတွေကတော့ သူတို့ ဆယ်ဆ ပိုကြိုးစားဖို့လိုနေပြီဆိုတဲ့ မက်ဆေ့ကို ကောင်းကောင်းရသွားသင့်ပါပြီ။

❝ စာမေးပွဲကျကြသူများ ❞ အနေနဲ့ပေါ့။


ကိုယ့်လူတို့ရော ဘယ်လိုထင်မိလဲ?

“𝑊𝑖𝑡ℎ 𝑃𝑎𝑠𝑠𝑖𝑜𝑛”
“𝐸𝑚𝑝𝑜𝑤𝑒𝑟𝑖𝑛𝑔 𝐶𝑖𝑡𝑦𝑧𝑒𝑛𝑠’ 𝑃𝑎𝑠𝑠𝑖𝑜𝑛”

#Wpformancity #mancity #mcfc

2 months ago | [YT] | 30

With Passion - Man City

TIME FOR REVENGE ‼️

စီးတီး Vs စပါးစ်

⏰ မြန်မာစံတော်ချိန် ယနေ့ည ၆:၀၀

🏆ပရီးမီးယားလိဂ် ပွဲစဥ် (၂)

🏟️ ETIHAD Stadium ❤️

🎙️ ပွဲအပြီး FT LIVE ကို YouTube Channel ပေါ်မှာရှိပါမယ်ခင်ဗျား

LET’S GOOOOOO

“𝑊𝑖𝑡ℎ 𝑃𝑎𝑠𝑠𝑖𝑜𝑛”
“𝐸𝑚𝑝𝑜𝑤𝑒𝑟𝑖𝑛𝑔 𝐶𝑖𝑡𝑦𝑧𝑒𝑛𝑠’ 𝑃𝑎𝑠𝑠𝑖𝑜𝑛”

#Wpformancity #mancity #mcfc

5 months ago | [YT] | 63

With Passion - Man City

စီးတီး ၃-၄ အယ်လ်ဟီလာ (FT EXT) | CWCဦးထီးလို စွမ်းသလောက်တော့ ကြိုးစားခဲ့တယ်။ အလယ်အလတ်တော့မကပါတယ် လို့တောင်ပြောရမလိုတောင်ဖြစ်နေပြီ။ မိနစ် ၉၀ လုံး မနားတမ်းကို အငြိမ်မကစားပဲ တောက်လျှောက် Intensity အပြည့်နဲ့ကစားသွားတယ်။ ဂိုးပေါက်နားတစ်ဝဲဝဲနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေလည်း နည်းတာမှမဟုတ်။ အယ်လ်ဟီလာကို ပဲ ချီးကျူးချင်တော့တယ်။ အတော်ကောင်းကောင်းကို ကစားသွားတာပဲ။ ယှဉ်ပြီးကစားပြသွားတာ တော်တော် ကို မိုက်ပါတယ်။စီးတီးဟာ ဒီနေ့မှာ ကန်သွင်းချက်တွေ ပလူပျံနေပြီး အကြိမ် ၃၀ ရှိခဲ့တယ်။ ဂိုးပေါက်တည့်ခဲ့တာလဲ ၁၄ ကြိမ်တိတိပါ။ အားငယ်စရာမလိုတဲ့ ပမာဏပါ။ သို့ပေတိ တစ်ဘက်က ဘူနူ ဆိုတော့ကာ . .တစ်ဘက်ကတော့ ဂိုးပေါက်ကို ၆ ကြိမ်ပဲ တည့်ခဲ့တာပါ။ ပေးဂိုးကတော့ (၄) ဂိုးပါ။ ဘယ်သူမပြုမမိမိမှုပါပဲ။အိမ်ပြန်ရပါပြီ။
စောစောနားပေါ့ဗျာ။ ဘယ်တတ်နိုင်မလဲ။

“𝑊𝑖𝑡ℎ 𝑃𝑎𝑠𝑠𝑖𝑜𝑛”
“𝐸𝑚𝑝𝑜𝑤𝑒𝑟𝑖𝑛𝑔 𝐶𝑖𝑡𝑦𝑧𝑒𝑛𝑠’ 𝑃𝑎𝑠𝑠𝑖𝑜𝑛”

#Wpformancity #mancity #mcfc

7 months ago | [YT] | 70

With Passion - Man City

ဂျူဗင်တပ်စ် ၂-၅ စီးတီး (FT) | ကလပ်ကမ္ဘာ့ဖလား

စိတ်လှုပ်ရှားစရာအကောင်းဆုံး၊ အားရစရာအကောင်းဆုံး ဂိုးပြတ်နိုင်ပွဲ နောက်တစ်ပွဲကို လုပ်ပြသွားပြီး ရှယ်ခြေစွမ်းနဲ့ အုပ်စု (G) winner ဖြစ်သွားခဲ့ပါပြီ။

(၃) ပွဲကစား
(၁၃) ဂိုးသွင်း 😶‍🌫️
(၉) မှတ်

Are City backkkkkk???

“𝑊𝑖𝑡ℎ 𝑃𝑎𝑠𝑠𝑖𝑜𝑛”
“𝐸𝑚𝑝𝑜𝑤𝑒𝑟𝑖𝑛𝑔 𝐶𝑖𝑡𝑦𝑧𝑒𝑛𝑠’ 𝑃𝑎𝑠𝑠𝑖𝑜𝑛”

#Wpformancity #mancity #mcfc

7 months ago | [YT] | 137

With Passion - Man City

❝ အုပ်စုဗိုလ်ဖြစ်ဖို့ နိုင်ရမဲ့ ပွဲ ❞

ဂျူဗင်တပ်စ် 🆚 စီးတီး

🎙️ MATCH DAY LIVE ‼️ - 9:00 PM (YouTube)

ကဲ ကိုယ့်လူတို့ အသင့်ပဲလား?
ရလာဒ်လေးတွေခန့်မှန်းသွားကြပါဦး!

COME ON CITY!!!!

7 months ago | [YT] | 93

With Passion - Man City

𝑰𝑻’𝑺 𝑺𝑰𝑿 𝑰𝑵 𝑨𝑻𝑳𝑨𝑵𝑻𝑨❗

စီးတီး ၆-၀ Al AIN FC (FT) | ကလပ် ကမ္ဘာ့ဖလား

ပထမပိုင်း (၃) ဂိုး၊ ဒုတိယပိုင်း (၃) ဂိုး နဲ့ (၆) ဂိုးပြတ်အနိုင်။
နှစ်ပွဲကစား၊ နှစ်ပွဲ Clean Sheet ၊ ပေးဂိုးမရှိ၊ (၈) ဂိုးသွင်းပြီး (၆) မှတခ အပြည့်နဲ့ (၁၆) သင်းအဆင့်ကို စီးတီး တက်ရောက်သွားခဲ့ပြီ။

LET’S GOOOOOOOO

“𝑊𝑖𝑡ℎ 𝑃𝑎𝑠𝑠𝑖𝑜𝑛”
“𝐸𝑚𝑝𝑜𝑤𝑒𝑟𝑖𝑛𝑔 𝐶𝑖𝑡𝑦𝑧𝑒𝑛𝑠’ 𝑃𝑎𝑠𝑠𝑖𝑜𝑛”

#Wpformancity #mancity #mcfc

7 months ago | [YT] | 101

With Passion - Man City

၃ နှစ်ဆက် အက်ဖ်အေဖလားဖိုင်နယ်တက်ဖို့ဆိုတာ လွယ်လင့်တကူ ဖြစ်လာမယ်လို့ မှတ်ထားရင်တော့ မှားလိမ့်မယ် . . .

သို့ပေတိ . . .
ဝင်ဘလေ ကို ဒီနေ့ ခြေတက်မယ့် ကိုယ့်ကောင်တွေအားလုံးဟာ ရှေ့က ဗီလာနဲ့ပွဲတုန်းကအတိုင်းသာ စိတ်ဓာတ် နဲ့ အာရုံစူးစိုက်မှုအပြည့်ရှိနေမယ်ဆိုရင် ပွဲက ကြည့်ကောင်းနေမှာပဲ။

ဘယ်လိုနေနေ
ယခုနှစ်ရဲ့ ချွေးသိပ်ဖလားလေး တစ်လုံးရဖို့တော့ ချွေးပြန်အောင် ကြိုးစားရမှာပဲ။

ကဲ .. ဝင်ဘလေ ရေ
ငါတို့ ပြန်လာပြီ။

ဖောရက်စ် Vs စီးတီး

⏰ မြန်မာစံတော်ချိန် ည ၁၀ နာရီ

⚽️ အက်​ဖ်အေဖလား ဆီမီးဖိုင်နယ်

🏟️ ဝင်ဘလေ၊ လန်ဒန်

🎙️ MATCH DAY LIVE - 8:30 PM


“𝑊𝑖𝑡ℎ 𝑃𝑎𝑠𝑠𝑖𝑜𝑛”
“𝐸𝑚𝑝𝑜𝑤𝑒𝑟𝑖𝑛𝑔 𝐶𝑖𝑡𝑦𝑧𝑒𝑛𝑠’ 𝑃𝑎𝑠𝑠𝑖𝑜𝑛”

#Wpformancity #mancity #mcfc

9 months ago | [YT] | 104

With Passion - Man City

စီးတီး ၂-၁ ဗီလာ (FT) | ပရီးမီးယားလိဂ်

ပွဲမစခင် စီတီဇင် မိတ်ဆွေတစ်ဦးနဲ့ပြောဖြစ်ခဲ့တယ်။ ဗီလာက လက်ရှိမှာ သိပ်ကောင်းလွန်းတယ်။ စီးတီးဟာ ရှုံးဖို့အထိကို မျှော်လင့်ထားရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဟာ စီးတီးပါ။ ဒီအခြေအနေမျိုးကို စီးတီးက သိပ်သဘောကျတယ်၊ ကျွန်တော်တို့ကောင်ကြီးတွေရုန်းပြပါလိမ့်မယ်လို့လေ။

ဟော ...
နောက်ဆုံးမိနစ်ကြီးမှာမှ အသည်းခွဲသွားလေးက မြိန်လိုက်တာဗျား!!!

ဒိုခူကြီးကတော့ Super Sub ဖြစ်နေဆဲ၊ ဒီဆာဆီ ကို ကျော်ပြီး Outside foot လေးနဲ့ Cross ပေးသွားကို နူးနပ်စ် က ပိတ်သွင်းသွားတာကြီးက တကယ့်ကို အားရစရာကြီး။ ကောင်းလှပါချည်ရဲ့ဆိုတဲ့ ဗီလာ၊ တစ်ပွဲလုံး ကောင်းပြသွားခဲ့ ခံစစ်ကို နောက်ဆုံးမိနစ်အထိ နှဲ့ ဖြိုသွားတာတကယ့်ရှယ်။

ဒီနိုင်ပွဲအတွက်တော့ ကွင်းထဲကကစားသမားအားလုံး ရဲ့ Teamwork လို့ကို တံဆိပ်ကပ်လိုက်ချင်တယ်။ တကယ့်ကို တာဝန်ကျေခဲ့ကြပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အကြီးမားဆုံး အတားအဆီး ကိုတော့ ကျော်နိုင်ခဲ့ကြပြီဗျား

အမြင်လေးတွေ ဆွေးနွေးပေးကြပါဦး။

Fight till the together!

“𝑊𝑖𝑡ℎ 𝑃𝑎𝑠𝑠𝑖𝑜𝑛”
“𝐸𝑚𝑝𝑜𝑤𝑒𝑟𝑖𝑛𝑔 𝐶𝑖𝑡𝑦𝑧𝑒𝑛𝑠’ 𝑃𝑎𝑠𝑠𝑖𝑜𝑛”

#Wpformancity #mancity #mcfc

9 months ago | [YT] | 150