New Rhema Worship



New Rhema Worship

ခန္ဓာ၊ စိတ်၊ ဝိညာဉ် သန့်ရှင်းပါရစေ
=================
တစ်နှစ်တာကျမ်းစာဖတ်ခြင်း
📖 ဝတ်ပြုရာ ၁၄-၁၅
🗓️2026Feb17
=================

“ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​ခြင်း​ငှာ၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့်၊ သင်​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ​ရ​ကြ​မည်။”
‭‭ဝတ်ပြုရာ‬ ‭11‬:‭45‬ ‭JBMLE‬‬
=================

❗️"သန့်ရှင်းခြင်း" ဆိုတာ ဘာသာရေးဝတ်စုံ ဝတ်ထားတာမဟုတ်ဘဲ...
ကျွန်ုပ်တို့၏ အတွင်းစိတ်နဲ့ အပြင်ပန်း အသက်တာတစ်ခုလုံး "ဘုရားသခင်နဲ့ တူလာခြင်း" ဖြစ်ပါတယ်။

🔹ဣသရေလလူမျိုးတွေကို အဲဂုတ္တုကျွန်ဘဝကနေ ဘုရားသခင် ဘာကြောင့် ကယ်ထုတ်ခဲ့တာလဲ?
🔹လွတ်လပ်ခွင့်ပေးရုံတင် မဟုတ်ပါဘူး။ ကိုယ်တော်၏ သန့်ရှင်းသောလူမျိုးအဖြစ် သီးသန့်ခွဲခန့်ထားဖို့ ဖြစ်ပါတယ်။
🔹ဘုရားသခင်က သန့်ရှင်းသောအရှင်ဖြစ်တဲ့အတွက် ထိုဘုရားကို ကိုးကွယ်တဲ့သူတွေဟာလည်း သန့်ရှင်းခြင်းတရားနဲ့ မကင်းနိုင်ပါဘူး။

1️⃣ #ဘုရားသခင်သည် သန့်ရှင်းသောဘုရား
🔹ဘုရားသခင်၏ အဓိက ဂုဏ်တော်မှာ "သန့်ရှင်းခြင်း" ဖြစ်သည်။
🔹သန့်ရှင်းခြင်းဆိုသည်မှာ အပြစ်နှင့် လုံးဝကင်းစင်ပြီး အခြားသောအရာများထက် သီးသန့်မြင့်မြတ်ခြင်းကို ဆိုလိုသည်။
🔹ငါတို့ ကိုးကွယ်နေတဲ့ဘုရားဟာ အပြစ်ကို သည်းမခံတဲ့ဘုရား၊ လုံးဝဖြူစင်တဲ့ဘုရားဖြစ်ပါတယ်။ ထိုဘုရားနဲ့ မိတ်သဟာယဖွဲ့ဖို့ဆိုရင် ကျွန်ုပ်တို့ဘက်ကလည်း သန့်ရှင်းခြင်းကို အလေးထားရပါမယ်။

2️⃣ #ဘက်စုံသန့်ရှင်းခြင်း
🔹သန့်ရှင်းခြင်းဆိုတာ ဘုရားကျောင်းတက်တဲ့အချိန်လေးတင် မဟုတ်ပါဘူး။
🔹ကျွန်ုပ်တို့၏ ဘဝကဏ္ဍ (၃) ခုလုံးမှာ သန့်ရှင်းဖို့ လိုအပ်ပါတယ်။
🔶ဝိညာဉ်သန့်ရှင်းခြင်း
သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဝိညာဉ်သည် အပြစ်မှ ဆေးကြောခြင်းခံရပြီး ဘုရားသခင်နှင့် ပြန်လည်ဆက်သွယ်ခွင့် ရရှိသည်။
🔶စိတ်ဝိညာဉ်သန့်ရှင်းခြင်း
ကျွန်ုပ်တို့၏ အတွေးအခေါ်၊ စိတ်ကူးယဉ်မှုနှင့် စိတ်ခံစားချက်များ သန့်ရှင်းဖို့ လိုသည်။ မနာလိုခြင်း၊ မုန်းတီးခြင်းနှင့် ညစ်ညမ်းသော အတွေးများကို ဖယ်ရှားရမည်။
🔶ခန္ဓာကိုယ်သန့်ရှင်းခြင်း
ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် သန့်ရှင်းသောဝိညာဉ်တော် ကျိမ်းဝတ်ရာ ဗိမာန်တော်ဖြစ်သည်။ ထို့ကြောင့် စွဲလမ်းစေတတ်သော အရာများ၊ ခန္ဓာကိုယ်ကို ညစ်ညမ်းစေသော အကျင့်များမှ ကင်းလွတ်ရမည်။
3️⃣ #ဝိညာဉ်တော်ဘုရား၏ မစကူညီမှု
🔹ကျွန်ုပ်တို့၏ ကိုယ်ပိုင်အားထုတ်မှု၊ ကိုယ်ပိုင်စည်းကမ်းတွေနဲ့ "သန့်ရှင်းခြင်း" ကို မရရှိနိုင်ပါဘူး။
💡သန့်ရှင်းသောဝိညာဉ်တော် (The Holy Spirit) သည် ကျွန်ုပ်တို့ကို သန့်ရှင်းလာစေရန် ပြုပြင်ပေးသောအရှင် ဖြစ်သည်။
💡ဒီနေ့... "ကိုယ်တော် သန့်ရှင်းသကဲ့သို့ ကျွန်ုပ်၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ် သန့်ရှင်းပါရစေ" လို့ ဆုတောင်းလိုက်ပါ။
ဘုရားသခင် ရှေ့မှာ မွှေးကြိုင်တဲ့ သန့်ရှင်းခြင်းအသက်တာ ဖြစ်ပါစေ။

=================
#HisWord
#NRiC
#SamTB #Holiness #Consecration
>>>နှုတ်ကပတ်တော် ပျံ့နှံ့စေပါ။>>>‬‬

3 days ago | [YT] | 204

New Rhema Worship

ဘိသိက်ခံသော်လည်း လူဖြစ်သည်ကို မမေ့နဲ့
=================
တစ်နှစ်တာကျမ်းစာဖတ်ခြင်း
📖 ဝတ်ပြုရာ ၁-၄
🗓️2026Feb13
=================

“ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​ကို အ​ပြစ်​ထဲ​သို့​သွေး​ဆောင်၍ ကိုယ်​တိုင်​ပြစ်​မှား​လျှင်၊ ထို​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​ကို၊”
‭‭ဝတ်ပြုရာ‬ ‭4‬:‭3‬ ‭JBMLE‬‬
=================
⚠️သင်ကိုးကွယ်နေတာက "စင်ပေါ်ကလူ" လား၊
ဒါမှမဟုတ် "စင်ပေါ်ကလူ ဟောပြောနေတဲ့ ဘုရားသခင်" လား?

🔹ဓမ္မဟောင်းခေတ်မှာ ဘုရားသခင်က ယဇ်ပုရောဟိတ်တွေအတွက် အပြစ်ဖြေရာယဇ်ကို သီးသန့်ပြဋ္ဌာန်းထားပါတယ်။ ဒါဟာ ဘာကိုဆိုလိုတာလဲဆိုတော့ "ဘိသိက်ခံထားတဲ့သူလည်း မှားတတ်တယ်" ဆိုတဲ့ အချက်ပါပဲ။
🔹ယနေ့ခေတ်မှာ ကျွန်ုပ်တို့ဟာ အမှုတော်ဆောင်တွေကို ရိုသေရမှာဖြစ်ပေမယ့်၊ သူတို့ကို ဘုရားသခင်လို ကိုးကွယ်ပြီး သူတို့ရဲ့ အမှားတွေကို ဖုံးကွယ်ပေးနေရင်တော့ အသင်းတော်ဟာ အန္တရာယ်ရှိလာပါပြီ။

1️⃣ဘိသိက်သည် လူသားဆန်မှုကို ဖယ်ရှားမပစ်ပါ
🔹"ဘိသိက်" (Anointing) ဆိုတာ ဘုရားသခင်ရဲ့ အမှုတော်အတွက် ခွဲခန့်တာဖြစ်ပြီး ထိုလူကို "မမှားနိုင်တဲ့ဆရာ" အဖြစ် ပြောင်းလဲလိုက်တာ မဟုတ်ပါဘူး။
🔺သတိပြုရန်
🔹သင်းအုပ်ဆရာ၊ ဆရာသမားတွေဟာလည်း ငါတို့လိုပဲ စုံစမ်းနှောင့်ယှက်ခြင်း ခံရတတ်တဲ့ သွေးသားနဲ့ တည်ဆောက်ထားတဲ့ "လူ" တွေပါပဲ။

❗️ဩစတြေးလျက နာမည်ကြီး Mega Church တစ်ခုမှာ သင်းအုပ်ဆရာရဲ့ အပြစ်ကို အသင်းတော်က ဖုံးကွယ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ 2023မှာ အမှန်တရားဟာ နောက်ဆုံးမှာ အမြဲတမ်း အနိုင်ယူပါတယ်။ အပြစ်ကို ဖုံးကွယ်ခြင်းဟာ ကူညီခြင်းမဟုတ်ဘဲ ပျက်စီးခြင်းကို ပိုမြန်စေတာပါ။

2️⃣ ဆုတောင်းပေးပါ၊ သို့သော် မကာကွယ်ပါနဲ့
🔹အမှုတော်ဆောင်တစ်ဦး မှားယွင်းတဲ့အခါ ယုံကြည်သူတွေ လုပ်ဆောင်ရမယ့် လမ်းစဉ်က ရှင်းပါတယ်။
🔹သူနောင်တရဖို့၊ ပြန်လည် နိုးထလာဖို့ မေတ္တာနဲ့ ဆုတောင်းပေးပါ။ အပြစ်ကို ဖုံးကွယ်ပေးခြင်းဟာ သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းနည်းစေပါတယ်။ အမှန်တရားအတိုင်း ရင်ဆိုင်ဖို့ ပံ့ပိုးပေးပါ

🔺အကယ်၍ အမှုတော်ဆောင်တစ်ဦးဟာ အမှားကို သိလျက်နဲ့ ဆက်တိုက် ကျူးလွန်နေရင်၊ သိုးခြံကို ဖျက်ဆီးမယ့်သူ ဖြစ်လာရင်တော့ ထိုသူ့နောက်ကို မလိုက်ဘဲ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

3️⃣ခရစ်တော်ကိုသာ ဗဟိုပြုပါ
🔹ယနေ့ခေတ် ယုံကြည်သူတွေရဲ့ စိုးရိမ်စရာ အချက်က ကျမ်းစာထက် ဆရာတွေကို ပိုပြီး ဖက်တွဲ နေကြတာပါ။ ဆရာဆိုတာ လမ်းညွှန်ပေးသူ သာ ဖြစ်ပါတယ်။ လမ်းညွှန်ဆိုင်းဘုတ်ကို ဖက်ထားလို့ မရပါဘူး၊ ဆိုင်းဘုတ်ညွှန်ပြတဲ့ "ခရစ်တော်" ဆီကိုပဲ သွားရမှာပါ။
🔺ဆရာက ဘယ်လောက်ပဲ ဘိသိက်ရှိရှိ၊ ကျမ်းစာနဲ့ ဆန့်ကျင်နေရင် ကျမ်းစာကိုပဲ ရွေးချယ်ရပါမယ်။

💡ဒီနေ့... သင့်ရဲ့ ဆရာသမားတွေအတွက် ဆုတောင်းပေးပါ။ သူတို့ စုံစမ်းခြင်းကနေ ကင်းလွတ်ဖို့နဲ့၊ ငါတို့အားလုံးရဲ့ အကြည့်တွေက ခရစ်တော်ဆီမှာပဲ အမြဲရှိနေဖို့ ဖြစ်ပါတယ်။

=================
#HisWord
#NRiC
#SamTB #ChristCentered
>>>နှုတ်ကပတ်တော် ပျံ့နှံ့စေပါ။>>>‬‬

1 week ago | [YT] | 121

New Rhema Worship

သင့်ရဲ့ မျိုးဆက်တွေအတွက် "ကောင်းချီးမျိုးစေ့"
=================
တစ်နှစ်တာကျမ်းစာဖတ်ခြင်း
📖 ထွက်မြောက်ရာ ၃၆-၃၈
🗓️2026Feb11
=================
“သန့်​ရှင်း​ရာ​ဌာ​န​တော်​ပြီး​အောင်​လှူ၍ လုပ်​သော​ရွှေ​ချိန်​ပေါင်း​ကား အ​ကျပ်​တော်​အ​တိုင်း အ​ခွက်​နှစ်​ရာ​ကိုး​ဆယ်​ခု​နစ်​ပိဿာ​သုံး​ဆယ် ဖြစ်​သ​တည်း။”
‭‭ထွက်မြောက်ရာ‬ ‭38‬:‭24‬ ‭JBMLE‬‬
=================
❓သင့်ရဲ့ လှူဒါန်းမှုဟာ ငွေကြေးပမာဏတစ်ခုပဲလား၊ ဒါမှမဟုတ် သင့်ရဲ့ မျိုးဆက်တွေအတွက် "ကောင်းချီးမျိုးစေ့" ဖြစ်တယ်ဆိုတာသိလား❓
🔹ထွက်မြောက်ရာကျမ်းမှာ ဣသရေလလူမျိုးတွေဟာ ဘုရားသခင် ကျိန်းဝပ်ရာ တဲတော်ကို တည်ဆောက်တဲ့အခါ သူတို့မှာရှိတဲ့ အဖိုးတန်ဆုံး ရွှေ၊ ငွေ၊ ပိတ်ချောတွေနဲ့ လုပ်အားတွေကို ရက်ရောစွာ လှူဒါန်းခဲ့ကြပါတယ်။
🔹ထိုလှူဒါန်းမှုတွေဟာ သမိုင်းဝင်ရွှေချိန်ပေါင်း များစွာရှိခဲ့သလို၊ ထိုစေတနာ(နှလုံးသား)တွေကပဲ သူတို့ကို ဘုရားသခင်ရဲ့ မျက်နှာသာရစေသည်ဟု ယုံကြည့်ရသည်။

1️⃣သင် ဘုရားအတွက် ဘာပေးလှူရက်တာလဲ
🔹ကျွန်တော့်အမှတ်ရစရာ တစ်ခုရှိပါတယ်။ တောင်ပေါ်မြို့လေး ဟားခါးမြို့မှာ အသင်းတော်တပါးဗိမာန်တော်တည်ဆောက်ဖို့ အလှူခံတဲ့အခါ အဖွားတစ်ယောက်က သူပိုင်ဆိုင်တဲ့ ရွှေဆွဲကြိုးကို (၁ကျပ်သာ/၂ကျပ်သာ)လောက် ဘာမျှော်လင့်ချက်မှမရှိဘဲ လှူခဲ့တယ်။ တချို့က လက်စွပ်တွေကို ချွတ်လှူကြတယ်။ ကြည့်ရတာ "နှမြောစရာ" လို့ ထင်ရပေမယ့် နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာတော့-
🔹သက်သေ
* ထိုလှူဒါန်းခဲ့သူတွေရဲ့ သားသမီး မြေးမြစ်တွေဟာ ဒီနေ့မှာ ထူးခြားစွာ ကောင်းချီးခံစားနေရတာကို မြင်တွေ့ရပါတယ်။
🔹နိယာမ
* ဆာလံ ၉၂ မှာပါတဲ့အတိုင်း "ဗိမာန်တော်၌ စိုက်ပျိုးသောသူတို့သည် ငါတို့ဘုရားသခင်၏ တန်တိုင်းတော်ထဲမှာ ပွင့်လင်းကြလိမ့်မည်။" ဘုရားသခင်အတွက် ပေးလှူခြင်းဟာ အချည်းနှီးမဖြစ်ဘဲ ဆင်းရဲခြင်းနဲ့ ခက်ခဲခြင်းတွေကို ဖယ်ရှားပေးတဲ့ သော့ချက် ဖြစ်လာပါတယ်။
2️⃣ လှူဒါန်းခြင်း အနုပညာ
🔹ဘုရားသခင်က ကျွန်ုပ်တို့ဆီက ရွှေတွေကိုပဲ လိုချင်နေတာ မဟုတ်ပါဘူး။ ကိုယ်တော်က ကျွန်ုပ်တို့ရဲ့ "နှလုံးသား" ကို ကြည့်တာပါ။
🔹အလှူငွေထည့်တဲ့အခါ အသန့်ရှင်းဆုံး၊ အသစ်ဆုံးကို ၊ အဦးဆုံး၊ ဆယ်ဖို့တဖို့ ရွေးထည့်တဲ့ အကျင့်လေး လုပ်ကြည့်ပါ။ ဒါဟာ ငွေကြေးကို ကိုးကွယ်တာမဟုတ်ဘဲ ငွေကြေးကို ပေးသနားတဲ့ “ ဘုရားသခင်” ကို ရိုသေခြင်းဖြစ်ပါတယ်။

3️⃣ရွှေမရှိလျှင် လုပ်အားဖြင့်
🔹တဲတော်တည်ဆောက်စဉ်က လူတိုင်း ရွှေမလှူနိုင်ကြပါဘူး။ ဒါပေမဲ့ တချို့က ပိတ်ချောယက်တယ်၊ တချို့က တီထွင်ဖန်တီးပေးတယ်၊ တချို့က လုပ်အားပေးကြတယ်။
💡မိတ်ဆွေ... သင့်မှာ ရွှေမရှိရင်တောင် သင့်မှာရှိတဲ့ "ခွန်အား" နဲ့ "လုပ်အား" ကို ဘုရားအတွက်၊ အမှုတော်မြတ်အတွက် ပေးဆပ်ပါ။ ထိုလုပ်အားဟာ ဘုရားသခင်ရှေ့မှာ အဖိုးတန်တဲ့ ရွှေချိန်ပေါင်းများစွာနဲ့ ထပ်တူပါပဲ။

=================
#HisWord
#NRiC
#SamTB #GenerousGiving #BlessingGeneration
>>>နှုတ်ကပတ်တော် ပျံ့နှံ့စေပါ။>>>‬‬

1 week ago | [YT] | 94

New Rhema Worship

မြေကြီးသားနှင့်ခြားနားဖို့လိုအပ်သည်
=================
တစ်နှစ်တာကျမ်းစာဖတ်ခြင်း
📖 ထွက်မြောက်ရာ ၃၃-၃၅
🗓️2026Feb10
=================
“အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​သော​အ​ကြောင်း​သည် အ​ဘယ်​သို့​ထင်​ရှား​ပါ​မည်​နည်း။ အ​ကျွန်ုပ်​တို့​နှင့် ကြွ​သွား​တော်​မူ​သော​အား​ဖြင့်​သာ ထင်​ရှား​ပါ​မည်​မ​ဟုတ်​လော။ ထို​သို့ အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော​လူ​တို့​နှင့် ခြား​နား​ရ​ပါ​မည်​ဟု လျှောက်​ဆို​လျှင်၊”
‭‭ထွက်မြောက်ရာ‬ ‭33‬:‭16‬ ‭JBMLE‬‬
=================

❓မင်းကို လောကကြီးနဲ့ "ခြားနား" စေတာက မင်းရဲ့ ဝတ်စားဆင်ယင်မှုလား၊ မင်းရဲ့ အဆင့်အတန်းလား...
ဒါမှမဟုတ် မင်းနဲ့အတူရှိနေတဲ့ "ဘုရားသခင်" လား?
🔹မောရှေသည် ဣသရေလလူမျိုးများကို ဦးဆောင်ရာတွင် ဘုရားသခင်ထံမှ အလွန်အရေးကြီးသော တောင်းဆိုချက်တစ်ခုကို ပြုခဲ့သည်။
🔹ဘုရားသခင်ကိုယ်တိုင် သူတို့နှင့်အတူ မကြွလာလျှင် ရှေ့ဆက်မသွားလိုကြောင်း သူပြောခဲ့သည်။
🔹အဘယ်ကြောင့်ဆိုသော် ဘုရားသခင်နှင့်အတူရှိခြင်း သည်သာလျှင် သူတို့ကို အခြားသော မြေကြီးသားများနှင့် ခြားနားစေသည့် တစ်ခုတည်းသော အမှတ်အသားဖြစ်သောကြောင့် ဖြစ်သည်။
1️⃣ ဘုရားသခင်နှင့်အတူ ရှိခြင်းက သင့်ကိုခြားနားစေမည်။
🔹ခရစ်ယာန်တစ်ယောက်သည် လောကသားများနှင့် ခြားနားရမည်ဟု ဆိုရာတွင် လူ့စည်းကမ်းများဖြင့် ခြားနားခြင်းကို မဆိုလိုပါ။
💡ဘုရားသခင်၏ မျက်မှောက်တော်သည် ကျွန်ုပ်တို့နှင့်အတူရှိသောအခါ ကျွန်ုပ်တို့ လုပ်ဆောင်သမျှတွင် အခြားသူများ မရနိုင်သော "မျက်နှာသာတော်" ကို ရရှိစေသည်။
2️⃣သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို ခြားနားစေမည်။
🔹သန့်ရှင်းသောဝိညာဉ်တော်၏ အတူရှိခြင်းသည် ကျွန်ုပ်တို့၏ စရိုက်၊ စကားပြောပုံနှင့် ဆုံးဖြတ်ချက်များကို လောကသားများနှင့် ခြားနားစေပါသည်။
3️⃣မျက်မှောက်တော်ကို တန်ဖိုးထားခြင်း က သင့်ကို ခြားနားစေမည်။
🔹မောရှေအတွက် ကတိတော်ပြည် (နို့နှင့်ပျားရည်) ထက် ဘုရားသခင်နှင့်အတူရှိခြင်းက ပို၍ အရေးကြီးခဲ့သည်။
🤼သင်သည် ကောင်းချီးမင်္ဂလာများကိုပဲ လိုက်ရှာနေသလား? သို့မဟုတ် ကောင်းချီးပေးသောအရှင်၏ "မျက်မှောက်တော်" ကို ရှာနေသလား?
🔶မျက်မှောက်တော်ရှိလျှင် ခြားနားခြင်းနှင့် ကောင်းချီးသည် အလိုအလျောက် လိုက်လာပါလိမ့်မည်။
💡 သင့်ရဲ့အသက်တာဟာ ဘုရားသခင်ရဲ့ မျက်မှောက်တော်ကြောင့် အထူးခြားဆုံး လင်းလက်သောနေ့ရက်များဖြတ်သန်းရပါစေ။ 🔥
=================
#HisWord
#NRiC
#SamTB #GodsPresence #Separated
>>>နှုတ်ကပတ်တော် ပျံ့နှံ့စေပါ။>>>‬‬

1 week ago | [YT] | 146

New Rhema Worship

ဗေဇလေလ ကဲ့သို့ ဝိညာဉ်တော်က နေရာယူပါစေ
=================
တစ်နှစ်တာကျမ်းစာဖတ်ခြင်း
📖 ထွက်မြောက်ရာ ၃၀-၃၂
🗓️2026Feb09
=================

“သူ့​ကို ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဉာဏ်ပညာ​နှင့်​ပြည့်ဝ​စေ​၍ တီထွင်နိုင်စွမ်း​၊ သိမြင်နိုင်စွမ်း​ရှိ​စေ​၏​။ လက်မှုအတတ်ပညာ​အမျိုးမျိုး​တို့​ကို တတ်မြောက်​စေ​၏​။”
‭‭ထွက်မြောက်ရာကျမ်း‬ ‭31‬:‭3‬ ‭MSBU‬‬
=================

💡ယနေ့တွင် ထိုဝိညာဉ်တော်ဆီသည် ကျွန်ုပ်တို့၏ အသက်တာထဲတွင် နေရာရလာသောအခါ ဝိညာဉ်ရေးရာသာမက ကျွန်ုပ်တို့၏ "အလုပ်အကိုင်နှင့် အရည်အချင်း" များအပေါ် မည်သို့သက်ရောက်မှုရှိကြောင်း ဆက်လက်ကြည့်ရှုကြပါစို့။

1️⃣ဝိညာဉ်တော်သည် ကျွမ်းကျင်မှု၏ အရင်းအမြစ်ဖြစ်သည်
🔹ဗေဇလေလ (Bezalel) ကို ဘုရားသခင်က ဗိမာန်တော်တည်ဆောက်ရန် ရွေးချယ်သောအခါ သူ့ကို ပထမဦးဆုံး ပေးသနားသည့်အရာမှာ "ဘုရားသခင်၏ ဝိညာဉ်တော်" ဖြစ်သည်။
💡သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို အခြားသောဘာသာစစကား(ဝညာဉ်ဆုကျေးဇူး)ပြောတတ်ရန်သာ လမ်းပြသည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ "လက်မှုအတတ်"၊ "စီးပွားရေးအတွေးအခေါ်" နှင့် "ပြဿနာဖြေရှင်းနိုင်စွမ်း" များပါ ထူးချွန်သော ဉာဏ်ပညာကို ပေးတတ်သောအရှင် ဖြစ်သည်။

2️⃣သင့်ဘဝတွင် ဝိညာဉ်တော်ကို နေရာပေးပါ
🔹ဝိညာဉ်တော်သည် ဧည့်သည်မဟုတ်ဘဲ သင့်ဘဝ၏ "အရှင်" ဖြစ်သင့်သည်။ သင့်အလုပ်ခွင်ထဲသို့ ဝိညာဉ်တော်ကို ဖိတ်ခေါ်ပါ။
🔹သင် ဘာဆက်လုပ်ရမလဲ မသိတော့သည့်အခါ၊ အကြံအစည်များ ပိတ်ဆို့နေသည့်အခါ သန့်ရှင်းသောဝိညာဉ်တော်ကို အားကိုးပါ။ ကိုယ်တော်သည် သင့်ကို "သိမြင်နိုင်စွမ်း" ပေးပါလိမ့်မည်။
🔹ဝိညာဉ်တော်၏ ဆီသန့်သည် သင့်အသက်တာ၌ လောင်စာဖြစ်ရုံတင်မကဘဲ သင့်ကို "အထူးကျွမ်းကျင်သူ" ဖြစ်လာစေမည့် လျှို့ဝှက်ချက်လည်း ဖြစ်ပါသည်။
💡ဒီနေ့... သင့်ရဲ့ လုပ်ငန်းဆောင်တာတိုင်းမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုကို တောင်းခံပါ။
❤️ဝိညာဉ်တော်သည် သင့်ကို ဗေဇလေလ ကဲ့သို့ လောကပညာထက် သာလွန်တဲ့ ဉာဏ်ပညာနဲ့ ပြည့်ဝစေမည်။✨
=================
#HisWord
#NRiC
#SamTB #HolySpirit #Wisdom
>>>နှုတ်ကပတ်တော် ပျံ့နှံ့စေပါ။>>>‬‬

1 week ago | [YT] | 157

New Rhema Worship

အစဉ်မပြတ်လင်းစေဖို့
=================
တစ်နှစ်တာကျမ်းစာဖတ်ခြင်း
📖 ထွက်မြောက်ရာ ၂၅-၂၇
🗓️2026Feb07
=================
“မီးခွက်​အစဉ်မပြတ်​လင်း​နေ​စေ​ဖို့ မီးထွန်း​ရန်​အတွက် ထောင်းယူ​သော​သံလွင်​ဆီ​သန့်​ကို သင့်​ထံသို့​ယူဆောင်​လာ​ရန် အစ္စရေး​အမျိုးသား​တို့​အား သင်​ဆင့်ဆို​ရ​မည်​။”
‭‭ထွက်မြောက်ရာကျမ်း‬ ‭27‬:‭20‬ ‭MSBU‬‬
=================

🔹ဗိမာန်တော်ထဲမှာရှိတဲ့ မီးခွက်ဟာ တစ်ခဏတာ လင်းဖို့မဟုတ်ဘဲ "အစဉ်မပြတ်" လင်းနေဖို့ ဖြစ်ပါတယ်။
အဲဒီလို လင်းနေဖို့အတွက် အဓိကလိုအပ်တာကတော့ "သံလွင်ဆီ" ပါပဲ။
🔹ဒါပေမဲ့ အဲဒီဆီဟာ သစ်ပင်ပေါ်ကနေ အလိုလိုကျလာတာမဟုတ်ဘဲ "ထောင်းယူခြင်း" အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ ရရှိလာတာ ဖြစ်ပါတယ်။

🔹သံလွင်သီးဟာ လှပတဲ့ အသီးလေးတစ်ခု ဖြစ်နေရုံနဲ့ မီးမလင်းနိုင်ပါဘူး။ သူဟာ ထောင်းကျေသွားမှသာ အဖိုးတန်တဲ့ ဆီထွက်လာတာပါ။
🔹ကျွန်ုပ်တို့ရဲ့ အသက်တာမှာလည်း "ဆီ" တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးနဲ့ ဘုန်းတော် ထင်ရှားဖို့အတွက် ကျွန်ုပ်တို့ရဲ့ "ဇာတိ (Ego)" တွေ ထောင်းကျေဖို့ လိုအပ်ပါတယ်။

🔹ကျမ်းစာတွင် "ဆီ" (Oil) သည် သန့်ရှင်းသောဝိညာဉ်တော်ကို ပုံဆောင်ပါသည်။ မီးခွက် (အသက်တာ) တောက်လောင်ဖို့ "ဆီ" (ဝိညာဉ်တော်) မရှိမဖြစ်လိုအပ်သည်။

🔹ဝိညာဉ်တော်၏ ဘိသိက်
သံလွင်သီးကို ထောင်းလိုက်သည့်အခါမှသာ ဆီထွက်လာသကဲ့သို့၊ ကျွန်ုပ်တို့၏ ဇာတိကို ငြင်းပယ်ပြီး နှိမ့်ချလိုက်သည့်အခါမှသာ သန့်ရှင်းသောဝိညာဉ်တော်၏ "ဘိသိက်တော်" (Anointing) သည် အားကြီးစွာ စီးဆင်းလာပါသည်။

🔹သန့်ရှင်းသောဆီ (Pure Oil)
ကျမ်းစာက "ဆီသန့်" ဟု ဆိုသည်။ အညစ်အကြေးမပါသည့် ဝိညာဉ်တော်နှင့် ရင်းနှီးကျွမ်းဝင်မှုကမှ မီးခိုးမထွက်ဘဲ ကြည်လင်သော အလင်းကို ပေးနိုင်ပါသည်။

🔹အစဉ်မပြတ်လင်းစေဖို့ နေ့စဉ်ထောင်းခြင်း
မီးခွက်ဟာ တစ်ရက်တည်း လင်းရမှာ မဟုတ်တဲ့အတွက် ဆီဟာလည်း နေ့စဉ် လတ်လတ်ဆတ်ဆတ် လိုအပ်ပါတယ်။
နေ့စဉ် ဘုရားသခင်နဲ့ နီးကပ်စွာ အသက်ရှင်တဲ့အခါ ကိုယ်တော်ဟာ ကျွန်ုပ်တို့ရဲ့ မကောင်းတဲ့ အကျင့်တွေ၊ ဒေါသတွေ၊ မနာလိုမှုတွေကို နေ့တိုင်း ထောင်းပေးနေပါတယ်။
💡ထောင်းခံရတဲ့ အချိန်မှာ နာကျင်ပေမယ့် အဲဒီနာကျင်မှုကနေ ထွက်လာတဲ့ "ဝိညာဉ်တော်ဆီ" ကမှ သင့်ရဲ့ ဝိညာဉ်မီးကို အားကောင်းစေမှာပါ။

=================
#HisWord
#NRiC
#SamTB
>>>နှုတ်ကပတ်တော် ပျံ့နှံ့စေပါ။>>>‬‬

1 week ago | [YT] | 160

New Rhema Worship

သက်တမ်းစုံလင်သောကောင်းချီးလျှို့ဝုက်ချက်
=================
တစ်နှစ်တာကျမ်းစာဖတ်ခြင်း
📖 ထွက်မြောက်ရာ ၂၂-၂၄
🗓️2026Feb06
=================
“သင်၏​ပြည်​တွင် ကိုယ်​ဝန်​ပျက်​သော​သ​တ္တ​ဝါ၊ မြုံ​သော သ​တ္တ​ဝါ​နှင့် ကင်း​လွတ်​လိမ့်​မည်။ သင်၏​အ​သက်​တမ်းကို ငါ​စုံ​လင်​စေ​မည်။”
‭‭ထွက်မြောက်ရာ‬ ‭23‬:‭26‬ ‭JBMLE‬‬
=================

❗️❗️မင်းဘယ်လောက်ပဲ ကြိုးစားနေပါစေ... မင်းရဲ့အလုပ်တွေက အသီးမပွင့်ဘဲ "မြုံ" နေသလို ခံစားနေရသလား?

🏔️ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကတိတော်ပြည်သို့ လျှောက်လှမ်းရာတွင် ရုပ်ပိုင်းဆိုင်ရာ ကြိုးစားမှုထက် ဝိညာဉ်ရေးရာ "နိယာမ" များက ပို၍ အရေးကြီးပါသည်။
📜ထွက်မြောက်ရာကျမ်း ၂၃ တွင် ဘုရားသခင်က ကိုယ်တော်၏ စေတမန် (အမှုတော်ဆောင်) များကို နာခံရန်နှင့် ရိုသေရန် သတိပေးပြီးနောက် ဤအံ့သြဖွယ် ကောင်းချီးကို ကတိပေးခဲ့ခြင်း ဖြစ်သည်။

1️⃣ ဘုရားသခင်၏ အမှုတော်ဆောင်များကို ရိုသေခြင်း
▪️ဘုရားသခင်သည် မိမိ၏ လူမျိုးတော်ကို လမ်းပြရန် သင်းအုပ်ဆရာများ၊ ဝိညာဉ်ရေးရာ ဆရာသမားများကို ခန့်အပ်ထားပါသည်။ ၎င်းတို့ကို ရိုသေခြင်းသည် သူတို့၏ "လူပုဂ္ဂိုလ်" ကို ရိုသေခြင်းထက် သူတို့နောက်ကွယ်က "ဘုရားသခင်၏ အခွင့်အာဏာ" ကို ရိုသေခြင်း ဖြစ်သည်။
▪️သင်သည် ဝိညာဉ်ရေးရာ အခွင့်အာဏာအောက်တွင် နေထိုင်တတ်မှသာ ဘုရားသခင်ထံမှ လာသော ကောင်းချီးများသည် အဟန့်အတားမရှိ စီးဆင်းလာမည် ဖြစ်သည်။
2️⃣ဆရာသမား၏ ဆုံးမစကားကို နာခံခြင်း
▪️သင်းအုပ်ဆရာ သို့မဟုတ် ဝိညာဉ်ရေးရာ ဆရာသမားတစ်ဦး၏ ဆုံးမစကားသည် တစ်ခါတစ်ရံ နားခါးတတ်သော်လည်း ၎င်းသည် သင့်ဘဝ၏ "ကိုယ်ဝန်ပျက်ခြင်း" (အလုပ်အကိုင် ပျက်စီးခြင်း၊ အစီအစဉ်များ လွဲချော်ခြင်း) မှ ကာကွယ်ပေးသည့် ဆေးတစ်ခွက် ဖြစ်သည်။

🌾 ကတိတော်
ဘုရားသခင်၏ ကတိတော်မှာ ရှင်းလင်းပါသည်။ ကိုယ်တော့်စကားနှင့် ကိုယ်တော့်အမှုဆောင်များကို ရိုသေလျှင်-
🔹မမြုံရ -သင်လုပ်ဆောင်သမျှ စီးပွားရေး နှင့် မိသားစုဘဝတို့တွင် "အသီးအပွင့်" များ ပွားများလာမည်။
🔹သက်တမ်းစုံလင်ခြင်း -ဘုရားသခင်က သင့်ကို ပေးထားသော တာဝန် မပြီးမချင်း သင့်ကို ဘေးဥပဒ်မှ ကွယ်ကာပြီး သက်တမ်းစုံလင်စွာ နေရစေမည်။

💡ဒီနေ့... သင့်ရဲ့ အနီးအနားရှိအမှုတော်ဆောင် ဆရာတစ်ယောက်ကို ကျေးဇူးတင်ကြောင်း ပြောကြည့်ပါ 🙏
=================
#HisWord
#NRiC
#SamTB
#Fruitfulness
>>>နှုတ်ကပတ်တော် ပျံ့နှံ့စေပါ။>>>‬‬

2 weeks ago | [YT] | 174

New Rhema Worship

မိဘကိုရိုသေခြင်း၏ ကောင်းချီး
=================
တစ်နှစ်တာကျမ်းစာဖတ်ခြင်း
📖 ထွက်မြောက်ရာ ၁၉-၂၁
🗓️2026Feb05
=================
“သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။”
‭‭ထွက်မြောက်ရာ‬ ‭20‬:‭12‬ ‭JBMLE‬‬
=================
⚠️သင့်ရဲ့ အောင်မြင်မှုနဲ့ သက်တမ်းရှည်ခြင်းဟာ "သင့်ရဲ့အိမ်က မိဘတွေအပေါ် ဆက်ဆံရေး" ပေါ်မှာ မူတည်နေတယ်ဆိုရင်ရော?

🏔️ဘုရားသခင်က သိနာတောင်ပေါ်မှာ ပညတ်တော်ဆယ်ပါး ပေးခဲ့တဲ့အခါ ပထမလေးပါးဟာ "ဘုရားသခင်နဲ့ လူသား" ကြား ဆက်ဆံရေးဖြစ်ပြီး၊ ကျန်တဲ့ ခြောက်ပါးကတော့ "လူသားချင်း" ဆက်ဆံရေး ဖြစ်ပါတယ်။
🔹အဲဒီ လူသားချင်းဆက်ဆံရေး ပညတ်တွေထဲမှာ နံပါတ် (၁) အနေနဲ့ ဘုရားသခင် အလေးပေးထားတာက "မိဘကို ရိုသေဖို့" ပဲ ဖြစ်ပါတယ်။

1️⃣ ပညတ်တော် + ကတိတော်
ဓမ္မသစ်ကျမ်း ဧဖက် ၆:၂-၃ မှာလည်း ဤကျမ်းချက်ကို ပြန်လည်ကိုးကားပြီး "သင်သည် ကောင်းစား၍ မြေကြီးပေါ်မှာ အသက်ရှည်မည်အကြောင်း" ဟု အကျိုးကျေးဇူးကို အတိအလင်း ဖော်ပြထားသည်။

🔶ဝိညာဉ်ရေးရာ နိယာမ
မိဘကို ရိုသေခြင်းသည် ဘုရားသခင် သတ်မှတ်ထားသော အခွင့်အာဏာကို ရိုသေခြင်း ဖြစ်သည်။
❗️အိမ်က မိဘကို မရိုသေဘဲ မမြင်ရတဲ့ ဘုရားသခင်ကို ရိုသေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

2️⃣"ရိုသေခြင်း" ဆိုသည်မှာ အဘယ်နည်း။
ရိုသေခြင်းဆိုတာ စကားနာခံရုံတင် မဟုတ်ပါဘူး။ မူရင်းဟေဗြဲစကားလုံး Kabad အရ "အလေးထားခြင်း" သို့မဟုတ် "တန်ဖိုးထားခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။
▪️စကားအားဖြင့် ~ မိဘကို ကြမ်းတမ်းစွာ မပြောဆိုခြင်း။
▪️လုပ်ရပ်အားဖြင့် ~မိဘ အိုမင်းလာချိန်တွင် ပြုစုစောင့်ရှောက်ခြင်းနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း။
▪️သဘောထားအားဖြင့် ~မိဘ၏ အမှားများကို ဖုံးကွယ်ပေးပြီး သူတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခြင်း။

❤️ကတိတော် ကောင်းချီး
"အသက်တာရှည်မည်" ဆိုသည်မှာ နေရသည့်ရက်စွဲ ရှည်ရုံတင်မကဘဲ၊ "အရည်အသွေးရှိသော ဘဝ" (Quality of Life) ကို ပိုင်ဆိုင်ခြင်း ဖြစ်သည်။
😇မိဘကို ရိုသေသောသူသည် ဘုရားသခင်၏ မျက်နှာသာတော် (Favor) ကို ရရှိသောကြောင့် သူလုပ်ဆောင်သမျှတွင် အဆင်ပြေချောမွေ့ကာ ဘဝအဓိပ္ပာယ် ပြည့်စုံတတ်သည်။

💡မိဘကို ရိုသေခြင်းအားဖြင့် ဘုရားသခင်ပေးတဲ့ "အသက်တာရှည်ခြင်း" နဲ့ "ကောင်းစားခြင်း" တွေ စီးဆင်းတဲ့နှစ် ဖြစ်ပါစေ။

=================
#HisWord
#NRiC
#SamTB
#HonorYourParents
>>>နှုတ်ကပတ်တော် ပျံ့နှံ့စေပါ။>>>‬‬

2 weeks ago | [YT] | 234

New Rhema Worship

💡HisWord 📜Bible Quiz (ဖြေကြည့်ပါ)
🔶အာဗြဟံနဲ့ စာရာတို့ အသက်ကြီးမှရတဲ့
ကတိတော်နှင့်ဆိုင်သော သားနာမည်က ဘယ်သူလဲ?

2 weeks ago | [YT] | 84

New Rhema Worship

ရှေ့တော်၌ လက်မြှောက်ခြင်း၏ လျှို့ဝှက်ချက်
=================
တစ်နှစ်တာကျမ်းစာဖတ်ခြင်း
📖 ထွက်မြောက်ရာ ၁၆-၁၈
🗓️2026Feb04
=================
“မောရှေ​သည် သူ​၏​လက်​ကို​မြှောက်​သောအခါ အစ္စရေး​လူမျိုး​တို့​နိုင်​၍ သူ​၏​လက်​ကို​ချ​သောအခါ အာမလက်​လူမျိုး​တို့​နိုင်​လေ​၏​။”
‭‭ထွက်မြောက်ရာကျမ်း‬ ‭17‬:‭11‬ ‭MSBU‬‬

=================

⚠️သင့်ရဲ့ အောင်ပွဲဟာ စစ်မြေပြင်မှာတင် ဆုံးဖြတ်တာမဟုတ်ဘဲ "သင့်လက်များ ရှေ့တော်၌ မြှောက်ခြင်း" ပေါ်မှာ ဆုံးဖြတ်တာဆိုရင်ရော?

ဣသရေလလူမျိုးတွေ အာမလက်လူမျိုးနဲ့ စစ်တိုက်တဲ့အခါ တောင်ပေါ်မှာရှိနေတဲ့ မောရှေက လက်မြှောက်ထားရင် အောက်ကစစ်တိုက်နေတဲ့ လူတွေ နိုင်ကြပြီး၊ မောရှေ လက်ညောင်းလို့ လက်ပြန်ချလိုက်ရင် ရှုံးကြပါတယ်။
ဒါဟာ ရုပ်ပိုင်းဆိုင်ရာ အင်အားထက် "ဝိညာဉ်ရေးရာ အခွင့်အာဏာ" က ပိုအရေးကြီးကြောင်း ပြသနေတာပါ။

1️⃣ "လက်နက်ချခြင်း" (Surrender)
လူသားတွေရဲ့ စစ်ပွဲမှာ လက်မြှောက်တာဟာ အရှုံးပေးတာဖြစ်ပေမယ့်၊ ဘုရားသခင်ရဲ့ နိုင်ငံတော်မှာတော့ လက်မြှောက်တာဟာ "အောင်ပွဲ" ရဲ့ အစပဲ ဖြစ်ပါတယ်။

❤️သင်က လက်မြှောက်ပြီး ကိုးကွယ်နေချိန်မှာ ဘုရားသခင်က သင့်ရှေ့ကနေ ရန်သူတွေကို ဖယ်ရှားပေးနေပါတယ်။

⚠️ဝမ်းနည်းစရာ အချက်
▪️ဒီနေ့ ဝတ်ပြုကိုးကွယ်ခြင်းတွေမှာ တချို့လူတွေက လက်ပိုက်ပြီး ကြည့်နေတတ်ကြပါတယ်။ ဒါဟာ ကိုယ့်ရဲ့ အောင်ပွဲကို ကိုယ်တိုင် ပိတ်ပင်ထားသလိုပါပဲ။ လက်မြှောက်ခြင်းဟာ စိတ်ပါမှ လုပ်ရတဲ့ "အမူအရာ" မဟုတ်ဘဲ၊ ဝိညာဉ်ရေးရာ "အောင်ပွဲခံနည်း" ဖြစ်ပါတယ်။

2️⃣ မောရှေ လက်ညောင်းတဲ့အခါ အာရုန်နဲ့ ဟုရတို့က သူ့လက်ကို ဘေးကနေ မတင်ပေးခဲ့ကြတယ်။
သင့်မှာလည်း လက်ညောင်းတဲ့အခါ (ယုံကြည်ခြင်း အားနည်းတဲ့အခါ) သင့်အတွက် ဆုတောင်းပေးမယ့်၊ သင့်လက်ကို မတင်ပေးမယ့် ဝိညာဉ်ရေးရာ မိတ်ဆွေတွေ၊ အသင်းတော်တွေ ရှိဖို့ အလွန်အရေးကြီးပါတယ်။

🌟 ဝတ်ပြုကိုးကွယ်သူများ၊
▪️လက်မပိုက်ပါနဲ့
လက်ပိုက်နေခြင်းဟာ ကိုယ့်ခွန်အားကိုယ် အားကိုးနေခြင်းကို ပြနေတာပါ။
▪️နှိမ့်ချပါ
လက်မြှောက်ခြင်းဟာ "ကိုယ်တော်မပါရင် ကျွန်တော် မတတ်နိုင်ပါ" ဆိုတဲ့ ဝန်ခံချက်ပါ။
▪️အောင်ပွဲကို မြင်ပါ
မင်းလက်မြှောက်လိုက်တဲ့ စက္ကန့်တိုင်းမှာ ကောင်းကင်တမန်တွေက မင်းရဲ့ အခက်အခဲတွေကို စတင်ရှင်းလင်းပေးနေပါပြီ။

❤️ဒီနေ့... ဝတ်ပြုကိုးကွယ်တဲ့အခါ ရှက်မနေပါနဲ့။ သင့်ရဲ့ လက်တွေကို မြှောက်ပြီး ကိုယ်တော်အလုပ်လုပ်ဖို့ ခွင့်ပြုလိုက်ပါ။

=================
#HisWord
#NRiC
#Sam
#Surrender #Worship #Victory
>>>နှုတ်ကပတ်တော် ပျံ့နှံ့စေပါ။>>>‬‬

2 weeks ago | [YT] | 101